Organizational Capacity Development

ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်း(CFN) ၏ အသင်းအဖွဲ့ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ် အရ Communication Plan အား ရေးဆွဲခြင်းလုပ်ငန်းစဉ်အားဆောင်ရွက်ခြင်း

ကလေးသူငယ်များ ဖွံ့ဖြိုးရေးအသင်း(CFN) သည် Organizational Capacity Development (OCD) အားဆောင်ရွက်နေသည့် Learning Organization တစ်ရပ်ဖြစ်သည်နှင့်အညီ အသင်းအဖွဲ့၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါအစီအစဉ်တွင် အသင်းအဖွဲ့၏ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်းပြင်ပ ဆက်သွယ်ပြောဆိုခြင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စေရန်နှင့် ပိုမိုစနစ်ကျသော Communication Channel များအား အသုံးပြုနိုင်ရန် အတွက် Organizational Communication Plan Development ပြုလုပ်ခြင်း လုပ်ငန်းစဉ်အားလည်း ၂၀၂၄ ခုနှစ် ဇွန်လအတွင်း စတင်ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါတွင် လိုအပ်သည့် မွန်းမံပြင်ဆင်မှုများပြုလုပ်ခြင်း၊ ရေးဆွဲထားသည့်အစီအစဉ်များအတိုင်း အသင်းအဖွဲ့ ၏ စီမံချက်ဝန်ထမ်းများမှ လိုက်နာကျင့်သုံးနိုင်ရန်တွက် အသိပေးခြင်း၊ ကြီးကြပ်ခြင်းများအပါအဝင် ဆောင်ရွက်ရန်လိုအပ်သည်များအား စီမံဆောင်ရွက်လျှက်ရှိပါသည်။

ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်း(CFN) ၏ “အသင်းအဖွဲ့ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်း” အစီအစဉ် အရ Organizational Safety & Security Plan အား ရေးဆွဲခြင်းလုပ်ငန်းစဉ်အားဆောင်ရွက်ခြင်း

ကလေးသူငယ်များ ဖွံ့ဖြိုးရေးအသင်း(CFN) သည် Organizational Capacity Development (OCD) အားဆောင်ရွက်နေသည့် Learning Organization တစ်ရပ်ဖြစ်သည်နှင့်အညီ အသင်းအဖွဲ့၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးအားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်နှင့် အညီ ကလေးသူငယ်များတွက် လုပ်ငန်းစဉ်များအားဆောင်ရွက်ရာတွင် ကလေးသူငယ်များ၊ ဝန်ထမ်းများအပါအဝင် ပါဝင်ပတ်သက်သူများအား ဘေးကင်းစိတ်ချရသော Safe Programme ဖြစ်စေရန် အလေးအနက်ထား ဆောင်ရွက် လျှက်ရှိပါသည်။ ထို့ကြောင့် အသင်းအဖွဲ့ တွင် Safety & Security Plan ရေးဆွဲခြင်း လုပ်ငန်းစဉ်အား ၂၀၂၄ ခုနှစ် ဇွန်လအတွင်း စတင်ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါတွင် လိုအပ်သည့် မွန်းမံပြင်ဆင်မှုများပြုလုပ်ခြင်း၊ ရေးဆွဲထား သည့်အစီအစဉ်များအတိုင်း အသင်းအဖွဲ့ ၏ စီမံချက်ဝန်ထမ်းများမှ လိုက်နာကျင့်သုံးနိုင်ရန်တွက် အသိပေးခြင်း၊ ကြီးကြပ်ခြင်းများအပါအဝင် ဆောင်ရွက်ရန်လိုအပ်သည်များအား စီမံဆောင်ရွက်လျှက်ရှိပါသည်။