ကျွန်ုပ်တို့အကြောင်း
UNCRC,CEDAW နှင့် UDHR တြင္ပါရွိေသာ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောကျ်ားလေး များ၏ အခွင့်အရေးများအား စနစ်တကျ ရရှိခံစားခွင့်ရှိစေရန် ရည်ရွယ်ချက်ဖြင့် UNICEF, World Vision, Save the Children တို့မှ ဘာသာရပ်ကျွမ်းကျင်သူ မြန်မာနိုင်ငံသားများမှ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ ပါသည်။
CFN; Child Development Association သည် ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းဖွဲ့စည်းမျဉ်းဥပဒေ အရပြည်ထောင်စုအဆင့်မှတ်ပုံတင်ရရှိထားသည့် အသင်းအဖွဲ့တစ်ရပ်ဖြစ်ပါသည်။ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောကျ်ားလေးများ၏ အခွင့်အရေးကိစၥရပ္၊ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ စည်းရုံးလှုံ့ဆော်မှု ကိစ္စရပ်များအား ဆောင်ရွက်ရန် ဘာသာရပ်အခြေပြုသော အဖွဲ့အဖြစ် ရပ်တည်လျက် Social Work Theory and Practice နှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
CFN; Child Development Association သည် Post Graudate Diploma in Social Work ဘွဲ့လက်မှတ်ရှိရပြီးသူများ စေတနာလူမှုဝန်ထမ်းအရာရှိသင်တန်းဆင်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်သက်ရင့် အငြိမ်းစားဝန်ထမ်းများ၊ လူမှုရေးပညာရပ်မဟာဘွဲ့ရရှိပြီးသူ ဖွံ့ဖြိုးရေးပညာဘွဲ့ရရှိပြီးသူ စိတ်ပညာရပ်ဘွဲ့နှင့် အသုံးချစိတ်ပညာဘွဲ့လွန်ပြီးမြောက်သူများအား အမာခံထား၍ ဖွဲ့စည်းထားသော အသင်းဖြစ်ပါသည်။
အဖွဲ့၏ မျှော်မှန်းချက်များ
အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောကျ်ားလေးများ၏ အခွင့်အရေးများအား CEDAW, UNCRC, UDHR ပြဌာန်းချက်ပါအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုခံယူပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားခွင့် ရှိစေရန်
အဖွဲ့၏လုပ်ငန်းစဉ်
- လူထုအခြေပြုအဖွဲ့အစည်းများ၊ ဖယ်ကျဉ်ခံရသော အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောကျ်ား လေးများ၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်မှုစနစ်များအား ပိုမိုတိုးတက်ကောင်းမွန် လာစေရန်
- UNCRC, CEDAW, Disability ဆိုင်ရာဦးတည်လုပ်ဆောင်လျှက်ရှိသော ရပ်ရွာအခြေအပြုအဖွဲ့အစည်း များအား အဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်လိုအပ်သည့်နည်းပညာများပံ့ပိုးပေးခြင်း
- ကျားမ အခြေပြု အကြမ်းဖက်မှုပပြောက်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်နိုင်ရေး အခန်းကဏ္ဍရရှိရေးအတွက် လုပ်ပိုင်ခွင့်များဖန်တီးပေးခြင်း
- သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ စည်းရုံးလှုံ့ဆော်မှုကိစ္စများ၊ အစီရင်ခံခြင်းကိစ္စများအား စဉ်ဆက်မပျက်ဆောင်ရွက်ခြင်း
နည်းပညာပံ့ပိုးမှုအဖွဲ့
လူမှုရေးပညာရပ် (Social Work) မဟာဝိဇ္ဇာဘွဲ့ ရရှိပြီးသူများ ၊ အတွေ့အကြုံရင့် ကျက်သော လူမှုဝန် ထမ်းအငြိမ်းစားများ ၊ စိတ်ပညာဘာသာရပ်ကျွမ်းကျင်သူ များ နှင့် ဖွံ့ဖြိုးရေးပညာရပ် ရရှိပြီးသူများ ပါဝင်သည့် နည်း ပညာ ဆိုင်ရာပံ့ပိုးမှုအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပါသည် ။
လုပ်ငန်းဆောင်ရွက်ချက်များ
CFN; Child Development Association သည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် တွဲဖက်၍ လည်းကောင်း၊ အများနှင့်တွဲဖက်၍လည်းကောင်း သင်တန်းများ ဆွေးနွေးပွဲများ စီမံချက်များအား ၂၀၀၃ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ။
လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်းစနစ်အား Case Management လုပ်ငန်းမူဘောင်အတိုင်း DSW မှ Case Manager များနှင့် လက်တွဲ ဆောင်ရွက်ခြင်း ။
ထို့အပြင် CFN; Child Development Association သည် အခြားသော ကွန်ယက်များ လုပ်ငန်း အဖွဲ့များနှင့် ချိတ်ဆက်၍ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောကျ်ားလေးများ၏ အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများအား ပညာရပ်ကို အခြေပြု၍ အောက်ပါအတိုင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်
(က) Social Work Professional Law ရေးဆွဲရေး လုပ်ငန်းအဖွဲ့ ၊ Child Protection Law လုပ်ငန်းအဖွဲ့တွင်ပါဝင်ဆောင်ရွက်ခြင်း ။
(ခ) အမျိုးသမီးများအားအကြမ်းဖက်မှု တားဆီးရေးဥပဒေ ပေါ်ပေါက်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ လွှတ်တော်များ၊ လူ့အခွင့်အရေးကော်မရှင်တို့တွင် တက်ကြွစွာပါဝင် ဆောင်ရွက်ဆွေးနွေးခြင်း
(ဂ) ကျားမအခြေပြုအကြမ်းဖက် ပြပြောက်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လည်းကောင်း၊ သက်ငယ်မုဒိန်း ဆန့်ကျင်တိုက်ဖျက်ရေးအတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကွန်ယက်များနှင့် ချိတ်ဆက်၍ တက်ကြွစွာဆောင်ရွက်ခြင်း
(ဂ) မြန်မာနိုင်ငံရှိအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးစီးဆောင်ရွက်သော အသိပညာပေး ဆွေးနွေးပွဲ ၊ သင်တန်းများတွင် “ကလေးသူငယ်ဖွံ့ဖြိုးရေးအသင်း” မှ ကလေးသူငယ်အခွင့်အရေး ကိစ္စရပ်များအား (၂၀၁၆) ခုနှစ်မှစတင်၍ ပါဝင်ဆွေးနွေးပေးခြင်း ။
(ဃ) ရပ်ရွာလူထု နှင့် မိဘများအတွက် အပြုသဘောဆောင်သော စည်းကမ်းပေးထမ်း သိမ်းခြင်း(Positive Discipline Module) ရေးဆွဲပြုစုရေး တွင်အခြား INGO များနှင့်အတူပါဝင် ပြုစုပြီး လူမှုဝန်ထမ်း ဦးစီးဌာနသို့ တင်ပြခြင်း လုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်ခြင်း ။
(င) ၂၀၁၉ ခုနှစ် ဂျူလိုင်လ (၂၃) ရက်နေ့တွင် ပြဌာန်းခဲ့သော “ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာဥပဒေ” ရေးဆွဲရေးလုပ်ငန်းစဉ်တွင် CSO များကိုယ်စားဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန နှင့် အကြံပြုဆွေးနွေးပွဲများ ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ရေးရာကော်မတီဝင်များအား အကြံပြုတိုက်တွန်းချက်များတင်ပြခြင်း ၊ ဥပဒေကြမ်းကော်မတီ နှင့် တွေ့ဆုံအကြံပြုဆွေးနွေးခြင်း များတွင်ဦးဆောင်ပါဝင်ခြင်း ။
(စ) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအခြေအနေဆန်းစစ်လေ့လာခြင်း Child Rights Situation Analysis အတွက် Child Rights Monitoring Framework ချမှတ်၍ ရပ်ရွာအခြေပြု ကလေးသူငယ်များထံမှ အချက်အလက်မျာစဉ်ဆက်မပြတ်ကောက်ယူမှတ်တမ်းတင်ပြုစုခြင်း ။
(ဆ) ကလေးသူငယ်အခွင့်အရေးများကော်မတီသို့တင်ပြရသည့် Complementary Reporting နှင့် ပတ်သက်၍ CSO များကိုယ်စားပြုအစီရင်ခံစာတင်ပြခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း ။
(ဇ) ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Non Governmental Organization Child Rights Working Group) တွင်ကလေးသူငယ်အခွင့်အရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဆောင်ပါဝင် ဆောင်ရွက်ခြင်း ။
(ဈ) ကလေးအလုပ်သမားကိစ္စနှင့်ပတ်သက်၍ Hazardous work နှင့် ပတ်သက်သော Technical working group တွင်ပါဝင်ဆောင်ရွက်ခြင်း ။
(ည) အရေးပေါ်ကာလတုန့်ပြန်ဆောင်ရွက်ခြင်း (emergency Response in Disater ) တွင် ရခိုင်ပြည်နယ် မြေပုံဒေသ ပေါက်တောတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆောင် ရွက်ခဲ့ခြင်း ။
(ဋ) ကလေးသူငယ်များတွေ့ဆုံပွဲ Child Forum များအား မိတ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း ။
(ဌ) “ကလေးသူငယ်အဖွဲ့” များအား CRC ပါအပိုဒ် (၁၂) နှင့်အညီ ဖွဲ့စည်း၍ အဓိပ္ပါယ်ပြည့်ဝသောပါဝင် ဆောင်ရွက်မှုအလေ့အကျင့်ရရှိစေရန် ဆောင်ရွက်ခြင်း ၊ စွမ်းဆောင်ရည်မြှင့်သင်တန်းများပို့ချပေးခငြ်း
(ဍ) မိန်းကလေးများနှင့် အမျိုးသမီးငယ်များအား အိမ်တွင်းအကြမ်းဖက်မှု ၊ ကျားမရေးရာတန်း တူညီမျှမှု ကိစ္စရပ်များအားစီမံချက်နယ်မြေအတွင်းဆောင်ရွက်ပေးခြင်း ။
( )ကျောင်းပြင်ပရောက်ကလေးသူငယ်များအား Non Formal Education အစီအစဉ်များအရ ရပ်ရွာ လူထုနှင့် ပူးပေါင်း၍ အခြေခံသင်တန်းများဆောင်ရွက်ပေးခြင်း ။
(ဏ) လမ်းပေါ်ကလေးများအား Non Formal Education အစီအစဉ်အားအကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း ။
(တ)အသက်မပြည့်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းဆောင်စေခြင်း အားကာကွယ်တား ဆီးခြင်းအား လူထုအတွင်း သိမြင်နားလည်မှုပိုမိုရရှိစေရန် သင်တန်းပေးခြင်း ၊ ရပ်ရွာအတွင်းလူထုမှ ထပ်ဆင့် အသိပေးရန် သင်တန်းပို့ချခြင်း ၊ ပြန်လည်ပေါင်းစည်းဝင်ဆန့်စေရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ။
(ထ) လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်း (Case Management System) ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေး ဖြစ်ရပ်များအား လူမှုဝန်ထမ်းဦးစီးဌာန နှင့်ချိတ်ဆက်၍ Case Manager များနှင့် အတူ လူမှုဝန်ထမ်း ဦးစီးဌာန၏ Case Management Mainstreaming အတိုင်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်း ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ အစီရင်ခံခြင်း ။
(ဒ) ကလေးအလုပ်သမားကိစ္စနှင့် ပတ်သက်၍ရပ်ရွာအတွင်း အသိပညာပေးလုပ်ငန်း များဆောင် ရွက်ခြင်း ၊ကလေးအလုပ်သမားကိစ္စများအား အလုပ်သမားဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ ကုစားမှုများ ဆောင် ရွက်ပေးခြင်း
(ဓ) ရပ်ရွာအခြေပြုစောင့်ကြည့်အဖွဲ့အားဖွဲ့စည်းပေးပြီး ကလေးသူငယ်များနှင့် မိန်းကလေးများအား လူကုန်ကူးမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက်စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း ၊ လူကုန်တား ကွန်ယက်အဖွဲ့များနှင့်ချိတ်ဆက်၍တားဆီးနိုင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း ။
(န) ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်အား ရပ်ရွာအတွင်းတည်ဆောက်နိုင် ရေး နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းစဉ်များ ၊ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ၊မွမ်းမံသင်တန်း များပို့ချပေးခြင်း ။
(ပ) ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စနစ်အား မြန်မာနိုင်ငံအနှံ လူမှုဝန်ထမ်းဦးစီး ဌာနနှင့်ချိတ်ဆက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ လုပ်ငန်းစဉ်များအား ကောင်းလာစေရန် ဆောင်ရွက်ခဲ့ခြင်း ။
(ဖ) အပြည်ပြည်ဆိုင်ရာကလေးသူငယ်အခွင့်အရေးစာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲအား UNICEF ရံပုံငွေဖြင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် တိုင်းဒေသကြီးအဆင့် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ကျင်းပပေးခဲ့ခြင်း (၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ)
(ဗ) လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ လူမှုဝန်ထမ်းအသိအမှတ်ပြု မိဘမဲ့ ဂေဟာများ ၊ လူမှုဝန်ထမ်းအသိအမှတ်ပြုမရရှိသေးသော မိဘမဲ့ဂေဟာ သင်တန်းကျောင်းတို့မှ ကလေးသူငယ်စောင့်ရှောက်သူများ ၊ အုပ်ချုပ်သူများ၊ ပိုင်ရှင်များအား ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးနှင့် ပတ်သက်သည့် သင်တန်းများစီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ။ (၂၀၀၈ ခုနှစ် ၂၀၀၉ ခုနှစ် ၊ ၂၀၁၀ ခုနှစ်)
(ဘ) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနည်းပညာအဖွဲ့ (CPTWG) တွင်လည်းကောင်း
(မ) Myanmar NGO Network (MNN) နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်း ။
(ယ) ကလေးသူငယ်လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် UN-ACT နှင့် လူကုန်တား ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ။
(ရ) ကလေးအလုပ်သမား ပပျောက်ရေးကိစ္စနှင့်ပတ်သက်၍ ILO နှင့် ချိတ်ဆက်၍ လည်းကောင်း
လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်းစနစ်အား ရွှေပြည်သာမြို့နယ်တွင် DSW Case Manager များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ခြင်း
(လ) ASEAN People Forum တွင် ACWC တွင် ပါဝင်ဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း များနှင့် တွဲဖက်၍လည်း ACWC မှကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခြင်း ။
(ဝ) လူမှုရေးပညာရပ် (Post Graduate Diploma in Social Work) ဘွဲ့လွန်ဒီပလိုမာ ရရှိပြီးသူများ အား အမာခံဖွဲ့စည်းထားခြင်းကြောင့် Social Work Education လုပ်ငန်းများဆောင်ရွက်ပေးခြင်း ။